Tuesday, September 23, 2014

iOS 8 တွင် မြန်မာဖောင်. နှင်. ကီးဘုတ်သွင်းနည်း ( Non - Jailbreak)

iDevices အသုံးပြုရာအတွင် iOS 7 အထိ Jailbreak ရ မ iOS 8 တွင် မြန်မာဖောင်. နှင်. ကီးဘုတ်သွင်းနည်း ( Non - Jailbreak)
ှ သာ မြန်မာကီး ဘုတ်ကို အသုံး ပြုလို.ရသော်လည်း iOS 8 တွင် Jailbreak လုပ်စရာ မလိုဘဲး ( Thard-Party Keyboard) မြန်မာဖောင်. နှင်. ကီးဘုတ် ကို အသုံးပြုလို.ရပါပြီ...... Black Keys လို.အမည်ရသော Application ကို Apple Store တွင် $ ဖြင့်ဝယ်ယူအသုံးပြု.ရပါမည်။

Black Keys ကို ဝယ်ယူရန်

install လုပ်ပြီးပါက မြန်မာဖောင်.သွင်းရန် install missing fonts ကိုဝင်ပါ။

Myanmar Zawgyil ကို install လုပ်ပေးပါ။

ZawGyi  Font ကို install လုပ်ပြီးလျှင် Keyboard သွင်းရန် အတွက်   Setting > General > Keyboard > Keyboards > Add New Keyboard > Black Keys ကိုဝင်ပြီး  Burmese-Zawgyi ကို Enable လုပ်ပေးပါ

Sunday, September 21, 2014

FIFA 15 Ultimate Team v1.1.0 Apk

FIFA 15 Ultimate Team v1.1.0 နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ Cbox မှာ ခဏခဏတောင်းလွန်းလို့တင်ပေးလိုက်ပါပြီဗျာ။ ဘောလုံးကန်ရတာဝါသနာပါသူများ တကယ့်ကိုသဘော ကျစေမယ့် ဘောလုံး Game ကောင်းကောင်းတစ်ခုဖြစ်ပါတယ်ဗျာ။ ရုပ်ထွက်အင်မတန်ကောင်းမွန်ပြီး အပြင် မှာကန်နေရသလိုမျိုး ရသကိုခံစားရမှာပါ။ Game ထဲမှာတော့ တစ်ပွဲချင်းစီလည်း ကန်လို့ရပါတယ်။ ဒါ့အပြင် World Cup , Euro Cup , League , အစရှိတဲ့ပွဲစဉ်များကိုလည်းကစားနိုင်မှာပါ။ ကျွန်တော်ကတော့ League ကိုပိုသဘောကျတယ်ဗျာ။ ပွဲစဉ်တွေအများကြီးကန်ရပြီး ပိုက်ဆံတွေရှာ နောက်ပြီးမိမိသဘောကျတဲ့ ကစားသမားတွေကို ၀ယ်ယူပြီးအသင်းကောင်းကောင်းတစ်သင်းထောင်ပြီး ကစားနိုင်မှာပါ။ Apk အပြင် Obb Data ကိုပါဒေါင်းယူပြီးမှကစားရမှာဖြစ်ပါတယ်။ Install လုပ်ပုံလုပ်နည်းကလည်း အရင် Game တွေ လိုပါပဲ။ Apk ကို Install လုပ်ပြီး ဒေါင်းလို့ရလာတဲ့ com.ea.game.fifa15_row Folder ကို sdcard/ Android/obb ထဲကိုကူးထည့်ပြီးမှကစားနိုင်မှာပါ။ obb Folder မရှိခဲ့ဘူးဆိုရင်လည်း ကိုယ်တိုင်ဆောက် လိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။
အောက်ကlinkမှာဒေါင်းယူပါ

FiFa apk ​ဒေါင်းယူရန်

FiFa obbဖိုင်​​ဒေါင်းယူရန်

လူအချို့မှာ ရှိနေတဲ့ သဘာဝ နှိုးစက်

လူအချို့ဟာ ဘာနှိုးစက်မှ ပေးစရာမလိုပဲ ဘယ်အချိန် ထမယ် ဆိုတာကို တွက်ချက်ကို တကယ်ကို နှိုးတက်ကြ ပါတယ်။ ဥပမာ အားဖြင့် မနက် ၄ နာရီ ထရမယ်လို့ တေးထားပြီး တကယ်ပဲ လေးနာရီ ဝန်းကျင်မှာ ဘယ်သူမှ မနှိုးပဲ ထနေခြင်း ဖြစ်ပါတယ်။

ယင်းကို လူတွေရဲ့ စိတ်ထဲမှာ ရှိတဲ့ natural alarm clock ကြောင့်မို့လဲ ဆို ပါတယ်။ သူ့ပါသူ နိုးလာအောင် ဖန်တီးပေးတဲ့ စိတ် ဖြစ်ပါတယ်။ ယင်း စိတ်ဖြစ်အောင် နှိုးဆွ ပေးသူ ကတော့ stress hormone လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဟိုမုန်း တစ်ခုက တွန်းအားပေးခြင်း ဖြစ်ပါတယ်။ ယင်း ဟိုမှုန်း ရှိသူ များဟာ သာမန် လူများထက်လည်း သတိပိုတတ် ပါတယ်။ သို့ပေမယ့် ကျန်းမာရေး အရ ကြည့်ရင် အခြား တစ်ဖက်မှာလည်း Stress hormone ကြောင့် ဆိုးကျိုး အချို့လည်း ရှိနေ ပါသေးတယ်။

ဒီတော့ သာမန်နေ့ထက် အစောကြီး ထရမယ့် နေ့မျိုးတွေမှာ ဆိုရင် နှိုးစက် နာရီ အသုံးပြုခြင်းက ကောင်းပြီး သာမန် ထနေကြ အချိန်များ ဖြစ်ရင် မိမိ ကိုယ်ကို နှိုးထ ခြင်းက သာမန် လူများရဲ့ အလေ့အကျင့် ဖြစ်ပါတယ်

Chit Ko Ko(သတင်းစုံ)v.1.0apk

ကျွန်တော်facebook wall,website,bloggerတွေမှာတင်သမျှသတင်းတွေအကုန်လုံးအလွယ်တကူဖတ်နိုင်ရန်အတွက်Android applicationတစ်ခုပြုလုပ်ပေးထားပါတယ်။အင်တာဖွင့်ပြီuးpdateလုပ်လိုက်ယုံဖြင့်သတင်းများကိုofflineအနေဖြင့်လဲဖတ်ရှုနိုင်ပါတယ်။applicationရဲဆိုဒ်ကတော့4.4MBသာရှိပါတယ်။အောက်ကlinkတွေထဲကကြိုက်တယ့်linkကနေဒေါင်းယူနိုင်ပါတယ်။

ဒေါင်းယူရန်​Link(1)

ဒေါင်းယူရန်​link(2)

ဒေါင်းယူရန်​Link(3)

ဒေါင်းယူရန်​Link (4)

Friday, September 12, 2014

Android Application Download ၀က်ဆိုဒ် (10)ခု

Android Device တွေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် Application တွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ရယူနိုင်မယ့် ၀က်ဆိုဒ်တွေပါ....အခမဲ့ရယူနိုင်တဲ့ ၀က်ဆိုဒ်တွေအများကြီးရှိတဲ့ထဲက ထိပ်တန်း ၀က်ဆိုဒ် (10)ခုကို ညွှန်းပေးလိုက်ပါတယ်....

1 /1mobile

2/ Approb
3/ Androidfreeware
4/ Androidapps
5/ Androidgamesroom
6/ Playandroid
7/ Bestandroiddownloads
8/ Appsapk
9/ Androidsoftwaredownload
10/ Appdoll 

ကဲအပေါ်က၀က်ဆိုဒ် (10)ခုဟာဆိုရင် သင့်ရဲ့ Android အတွက် အကောင်းဆုံး ဆိုဒ် (10)ခုပဲဖြစ်ပါတယ်

Sunday, September 7, 2014

မိမိတို့ Facebook ကို Lock မကျရစေအောင်

မိမိတို့ Facebook မှ Friends Request 24 hr အချိန်ထဲမှာ 20 ယောက် Request ပေးနိုင်ပါတယ် ပိုလို့မရပါဘူးနော် တတ်နိုင်ရင် 10, ယောက်လောက်သာပေးပါ မိမိတို့ Request လုပ်ထားပြီး သူများကလက်မခံရင် Pending ဆိုတဲ့သွားနေဆဲမှာရှိနေပါတယ်နော်...

 အဲဒီလို Pending ဆိုတဲ့ 20, ယောက်ရှိ 72 hr ဖြစ်ပြီရှိနေပါရင် Lock ကျပါလိမ့်မည်
မိမိတို့ Account မှ Friends Requests အဝင်ကို 24 hr ထဲ 100, ယောက်လက်ခံနိုင်ပါတယ် ပိုပြီးလက်ခံမိရင် Lock ကျတတ်ပါတယ်နော်....

ဖေစ်ခဲ့တဲ့ Friends Requests Pending ကို 24 ဖြစ်လျှင် စစ်ဆေးပြီး Delete လုပ်ပေးရပါမည် Opera or UC Browser မှနေလို့ဝင်ရပါမည် မိမိတို့ နဂိုရှိတဲ့ Facebook မှမဟုတ်ပါ မပြည့်စုံလို့ပါ Browser မှာ Facebook ကို Log in ဝင်ပါ ပြီးနောက် ပုံ 1 ကိုကြည့်ပါ Friends ဆိုသည့်နေရာကို ကလပ်ပေးလိုက်ပါ ပုံ 2 ကိုကြည့်ပါ Requests ဆိုတာကို ကလပ်ပေးလိုက်ပါ ပုံ 3 ကိုကြည့်ပါ View Sent Requests ဆိုတာကို ကလပ်ပေးလိုက်ပါ မြင်ရပါပြီ သင်တောင်းဆိုထားတဲ့ Friends Requests များဖြစ်ပါတယ် Delete Request ကို ကလပ်ပေးလိုက်ပါ ဒါဆိုရင် Friends Request များမရှိပါပြီနော်..

2, မိမိတို့ Account Profile ကိုအပြည့်စုံဖြည့်ပေးရပါမည် ဒါဆိုရင် အပေါ်ဘယ်ဘက်ထိပ်မှာ Home ဆိုတာအနီးမှာ Profile ကိုကလပ်ပေးပါ ပြန်ကျလာတာက သင့်ရဲ့ပုံညာဘက်မှာ Exit Profile ကို ကလပ်ပေးလိုက်ပါ ပြန်ကျလာတာက Profile Setting ပါ အရေးကြီးချက်က သင့်ဖုန်းနံပါတ် ကျောင်း ကောလိပ် တက္ကသိုလ် မိမိနေထိုင်သည့် မြို့ မြို့နယ် ဘာသာ ကျား/မ အဲဒါတွေက မဖြစ်မနေထည့်ပေးရပါမယ်နော် မထည့်ပေးရင် သင့်ရဲ့ Account ဟာ မခိုင်မြဲပါဘူး အသိမှတ်မပြုပါဘူးနော်...

3, မိမိတို့သည် သူတပါး ကြိကြိုက်နှစ်သလိုနေထိုင်ပြောဆိုဖို့လိုအပ်ပေသည်
အဘယ့်ျကြာင့်ဆိုသည်မှာ သူတစ်ပါးအပေါ် မကောင်း အပုတ်ချရေးသားခြင်း သူတပါးကို ကြမ်းတမ်းစွာ ဆက်ဆိုင်ခြင်းပြုမိလျှင် သူတစ်ပါးတို့က သူငယ်ချင်းဖွဲ့၍ Report လုပ်ပြီးတင်လျှောက်လိုက်ရင် အဲဒီလို စာလေးစောင် Facebook Centre သို့ရောက်ခဲ့ပါလျှင် Centre မှဖျက်ပေးရပါသည် ထိုအခါ သင့်ရဲ့ Account ကိုဘယ်ဆရာမှမကူညီနိုင်ဘူးနော်
ဒါကြောင့်ဆင်ခြင်ဖို့လိုအပ်ပေသည်...

4, မိမိတို့ Facebook သုံးပြီး Online မှာနေရင်း ဂိမ်းမဆို ဆော့ဝဲလ်မဆို ဖြုတ်ခနဲဝင်ရောက်လာပြီး လှုပ်ရှားခြင်းဖြငိ့ပြသနေပါတယ် ထိုနေရာကို ကလပ် လုပ်မိရင် ဒေါင်း ကျလာပါတယ် ဒေါင်းယူလို့သုံးလို့ရပါတယ် နောင်ချိန် မကြာခင်မှာ သင်ရဲ့ဖုန်းကိုသော်လည်းကောင်း Account ကိုသာလည်းကောင်းအနောက်ရှက်ပေးပါလိမ့်မည်

5, မိမိတို့ Facebook ကိုထိမ်းပေးနေတဲ့ Email ကို ဂရုစိုက်ရပေမည် မကြာမကြာဖွင့်ပြီး စာများကို Delete လုပ်ပေးထားရမည် အဲဒီလိုထားသည်အတွက် သင့်ရဲ့ Email လဲ Runing ဖြစ်နေသည် ပေါ့လဲပေါ့ပြီး တချိန်တခါတွင် သက့်ရဲ့ Facebook အခက်ခဲဖြစ်ရင် ကူညီမယ့်ဟာတော့ သူပါပဲ သူ့ကို ဂရုမစိုက် Password မေ့လိုပ် စာတွေပြည့်လိုက်ဆိုရင် သင့် Facebook အတွက် ဆိုးခြင်းလက္ခဏာပါ
Email ထဲမှာ စာတွေ 10000, တစ်သောင်းဖြစ်ခဲ့ရင် ထို Email အလုပ်မလုပ်ပေးတော့ပြီ မကြာခင် ထို Email လဲပိတ် Facebook လဲပိတ်တော့မယ်

Network မှ တစ်ဆင့် ကွန်ပျူတာ မှာ window တင်နည်း

Client Computer တွေသို့ Network ပေါ်က တဆင့် Windows OS Installation လုပ်တဲ့ ပုံစံကို မသိသေးတဲ့ မိတ်ဆွေများ 
သိရ လေအောင် Remote Installation Services အကြောင်းကို ပြောပေး ပါမယ် ။

RIS Requirements 
* Windows 2003 or 2000 Server 
* Remote Installation Services Component 
* Windows XP Professional CD 
* Active Directory 
* DHCP 
* PXE Client တို့ ဖြစ်ကြ ပါသည်။

အထက်က လိုအပ်ချက်တွေ ပြည့်စုံပြီ ဆိုရင်တော့ RIS လုပ်ငန်း စတင်လို့ ရပါပြီ။ 

Windows Server 2003 or 2000 တွင် ပြုလုပ်ရန် ။ 

ပထမ ဦးဆုံး Remote Installation Services ဆိုတဲ့ Windows Component တစ်ခု ကို ထည့် သွင်း ပေးရ ပါမယ် ဒီလို 
ထည့် သွင်း လို့ ရဖို့ အတွက် Server 2003 CD or Server 2000CD ခွေကို ကြို ထည့် ထား ဖို့ လိုအပ် ပါသည်။ လုပ်တဲ့ 
ပုံစံ ကတော့ - Start >>> Control Panel >>> Add or Remove Programs အဲဒီ ထဲ ကမှ Add / Remove Win
dows Components ကို ရွေးပါ။ Windows Components Wizard Box လာပါမယ် Your browser may not support 
display of this image. အဲဒီ ထဲကမှ Remote Installation Services ကို အမှန်ခြစ် ပေးပါ။ Next ကိုနှိပ်ပါ။ Remote 
Installation Services ကို Install လုပ်ပေး နေလိမ့်မယ် ပြီးရင် Complete Wizard Box ကျ လာပါမည်။ Finish မှာနှိပ်
ပါ။ ဒါဆိုလျှင် Remote Installation Services ကို Install လုပ်တာ ပြီးဆုံး သွားပါပြီ။ 

ကျွန် တော့် တို့ အခု server 2003 မှာ Remote Installation Services component ကို ထည့် သွင်း ပြီး ပြီ ဖြစ် သဖြင့် 
RIS လုပ်ငန်းကို စတင်လို့ ရပါပြီ စတင် အသုံးပြုပုံကတော့ - Start>>>run box ထဲမှာ risetup ရိုက် ပြီး Enter ခေါက်
ပါ ။ RIS Setup Wizard box ကျ လာ ပါမယ် ။ Your browser may not support display of this image. RIS Wel
come Screen တွင် RIS installation အပိုင်း ပြီး မြောက် ဖို့ အတွက် လိုအပ်ချက် တွေကို ဖော်ပြ ထားပါတယ်။ ပြီးလျှင် 
Next မှာနှိပ်ပါ ။ 

Your browser may not support display of this image.

ဒီ အဆင့် လေးက တော့ ကိုယ့် server ၏ C: Drive မဟုတ် တဲ့။ တခြား Drive letter D:, E:, စသည့် အပိုင်း တွင် 
Remoteinstall နှင့် ပတ်သက် သော လုပ်ငန်း စဉ်များ သိမ်းဖို့ အတွက် နေရာ သတ်မှတ် ပေးတဲ့ အပိုင်း ဖြစ် ပါတယ်။ 
ထိုသို့ သတ်မှတ် ချင်ပါက Browse တွင်နှိပ်၍ သတ်မှတ် နိုင်ပါသည်။ Next မှာနှိပ်ပါ။

Your browser may not support display of this image.

ဒီအဆင့် ကတော့ အခု ဖန်တီး ထားတဲ့ RIS ကို Client သို့ ချက်ခြင်း ထောက်ပံမှု ပေးမည် ၊ မပေး မည် ကို ရွေး ချယ်
သည့် အပိုင်းပါ။ Next မှာနှိပ်ပါ။ 

Your browser may not support display of this image.

ဒီ အဆင့် ကတော့ Client မှာ အသုံး ပြုမည့် Windows ခွေ ရဲ့ လမ်း ကြောင်း ကို ရွေးခိုင်း တာပါ။ အဓိက ကတော့ 
Windows CD ထဲက i386 folder ကို Copy ကူးယူ သွားတာပါ။ win xp CD ရှိတဲ့ လမ်း ကြောင်း ကို ပေးပြီး ပြီဆို
လျှင် Next မှာ နှိပ်ပါ။ 

Your browser may not support display of this image.

ဒါက တော့ ကိုယ် ဖန်တီး လိုက်တဲ့ Image အတွက် နာမည်လေး ပေးလိုက် တာပါ။ Next မှာနှိပ်ပါ။ 

Your browser may not support display of this image.

ဒီ အဆင့် ကတော့ windows image ၏ Descripiton Name ပေးတဲ့ နေရာပါ။ Next မှာနှိပ်ပါ။ 

Your browser may not support display of this image.

ဒီအဆင့် ကတော့ နောက် ဆုံး ပြီးဆုံး သွားတဲ့ အဆင့်ပါ။ Finish မှာနှိပ်ပါ ။

Your browser may not support display of this image.

ဒါက တော့ ရှေ့ မှာ ချ ခဲ့တဲ့ settings အတိုင်း Install လုပ်နေ တာပါ။ 

Your browser may not support display of this image.

အခု ဆိုရင် တော့ ကျွန်တော် တို့ ၏ Remote Installation Services Setup Wizard ကနေ လိုအပ် တာလေးတွေကို 
remoteinstall folder ဖွဲ့ပြီး ဖန်တီးခြင်း အဆင့် ပြီးဆုံးလို့ သွားပါပြီ။ Done မှာနှိပ် လိုက်ပါ

Facebook Sticker ကွန်မန့်ပေးနည်း

အရမ်းလွယ်ကူပါတယ် မိမိBrowser မှာ ထည့်ပေးရမည့် Add နှစ်ခုကို မူရင်းလင့်မှာ သွားရောက်ဒေါင်းယူလိုက်ပါ ။
လင့်များကို အောက်မှာပေးထားပါတယ်

ဒေါင်းပြီးတာနဲ့ အင်စတောလုပ်ပေးပါလိမ့်မယ် ပြီးရင်မိမိ FB အကောင့်ကို ထွက်ပြီး ပြန်ဝင်လိုက်ပါ ။
ကွန်မန့်ပေးရမည့် အကွက်မှာ ပုံထဲကအတိုင်း မျက်နှာပုံလေးပေါ်လာပါမယ် နှိပ်၍မိမိကြိုက်နှစ်သက်ရာအရုပ်များကို မန့်နိုင်ပါပြီ :)

ပေးထားတဲ့ Hola Unlock Add လဲ အပေါ်ကနည်းအတိုင်းပါပဲ နိုင်ငံကိုတော့ Australia ကို ရွေးချယ်ပေးရမည်ဖြစ်ပါတယ် ။
မူရင်းဆိုက်မှာ ပုံနှင့်တကွပြသထားလို့ မရှင်းပြတော့ပါဘူး ကလစ်တစ်ချက်နှိပ်ပေးယုံပါပဲ

Emoji အရုပ်အတွက် Facebook Secret Emoticons Add ကို အောက်မှာဒေါင်းယူပါ

Mozilla Firefox Browser အတွက်

Google Chrome Browser အတွက်

Facebook Sticker အတွက် Hola Unlock Add ကို အောက်မှာ ဒေါင်းယူပါ ။

Hola Unlock Add ကို ဒီမှာဒေါင်းပါ

Friday, September 5, 2014

Android နှင့်ပက်သက်၍ အနည်းဆုံး သိသင့်​သည့်​ဗဟုသုတများ


Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware,
ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband
စသဖြင့် စာလုံး အထူး အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့် အနှစ်သာရ
မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ
အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား ရပါမယ်၊ ဒီပို့စ်မှာ အထက်က
စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊ တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက်
Open Source ဖြစ်တဲ့ Android က မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System တစ်ခုဖြစ်သွားတဲ့ အထိ
ပြုပြင်ယူလို့ရပါတယ်၊
Bootloader ဆိုတာဘာလဲ
Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ်လုပ်အောင် ခေါ်မယ်
ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့
ပထမဆုံး Partition မှာ တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point ပါပဲ၊
Bootloader ဘယ်လိုအလုပ်လုပ်တာလဲ
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ ပီးရင် Bootloader
လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO
တို့ပါဝင်တယ်၊ Bootloader အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment
ကို 0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ
အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad, console
တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux Kernel image ကို Memory ကနေ
ဝင်တင်မယ်၊
Botloader
ရွေးချယ်မ်မှူ
Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက်
မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့
အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader
version ကို Develop လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း
Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို
သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install
လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊
Kernel ဆိုတာဘာလဲ
Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's
QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊
ခု ပြောမှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊ Android
သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux Operation System က သုံးတဲ့
Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android Kernel မှာ Android အတွက် သီးသန့် Build-in code
တွေပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက် သုံးတဲ့ drivers တွေက
Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊
Kernel ရဲ့ အဓီက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့
ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊
Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို
တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက
ဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း
အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့်
အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel
ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hardware ကို
လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera)
ရိုက်တဲ့ခလုပ် မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က
Event တစ်ခုကိုနားထောင်လို့ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊
kernel ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware ကိုလှမ်းပို့မယ်၊ Camera
Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက Software က Input လုပ်လိုက်တာကို Kernel က
ယူပီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊
အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊
Kernel က ကြားခံ ပေးထားတဲ့အတွက် Application Developers တွေအနေနဲ့ Android System API's
တွေကနေ တစ်ဆင့် Kernel ဆီကို Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက်
အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့
Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာလို့ပါတယ်၊
CWM ဆိုတာဘာလဲ
CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ
Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊
CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root
access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း
အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android
အခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင်
အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပီး
ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်၍
မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင် ကျွန်တော်တို့ Factory Reset သုံးပီး Recover
လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ပဲ Stock
Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင်
အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း
Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း
resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊
ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို
Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို
ရှာတွေ့နိုင်ပါတယ်၊
Firmware နဲ့ ပက်သ်သက်သ်သမျှ
Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software program
ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်းအတွက်
Firmware Install လုပ်တယ်ဆိုရင်တော့ Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat
တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့
installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့
မဟုတ်ပါဘူး၊ တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင်
ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ
တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့
သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့က
ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့
အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal
flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့်
firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊
Flashing ဆိုတာဘာလဲ
Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊
Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့
ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့ Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှူကို ရရှိနိုင်ပါတယ်၊
Rooting ဆိုတာဘာလဲ
Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့်
အခွင့်အရေးရချင်လို့ Root access လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊
Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင်
Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure
Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration
Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android
System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင်
Arbitrary commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ
အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ
Rooting လုပ်တယ်လဲခေါ်ပါတယ်
ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software restrictions တွေပါလာပါတယ်၊
ဒီလို Software Restrictions တွေပါလာရတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့
သူတို့ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ ဘယ်လို
အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ
လိုအပ်တဲ့ ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး
ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို အကာ အစီးကို ကျော်ဖြတ်ပီး
စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက ကန့်သတ်ထားတဲ့
ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက် မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting
လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ
ရေးချင်တာရေးနိုင်သလို ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊
Rooting အကြောင်းကို အသေးစိတ် ရှင်းပြထားတာကို pdf ဖိုင်နဲ့ ရေးပေးထားတာ ရှိပါတယ်၊ အောက်က
လင့်မှာ ဒေါင်းလုပ်ရယူပါ၊
Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ
Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone
Operation System. Stock ROM မှာ Software Restriction တွေထည့်သွင်းထားတဲ့ အတွက်
စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS
Version တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device တစ်ခုလုံးကို
အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services တွေပါမယ်၊
တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction
တွေမပါခြင်းပါပဲ၊ ဒီတော့ Custom ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source
ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊
အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို
တည်ဆောက်ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM
လို့ခေါ်တာပါ၊
ADB ဆိုတာဘာလဲ
ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့
အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့ တံတားတစ်စင်းပါ၊ Android Phone က Linux Kernel
ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb
Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပီး
ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB
Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့
အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊
Baseband ဆိုတာဘာလဲ
Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့
ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ
Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version
တို့ ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ တတ်နိုင်ပါတယ်၊ ဒါကြောင့်
အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့
network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊
Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကိုသုံးပီး
Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့
ပြသနာမျိုး Android Device မှာ တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊
Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို ပိုမိုကောင်းမွန်လာ မှာ
ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ ရှော့ချပေးနိုင်ပါတယ်၊
ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets တွေကို
ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်