Sunday, August 31, 2014

အောင်မြင်သူနဲ့ ရှုံးနိမ်သူ

(၁) အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။

ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။
(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။

ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။

(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့ တယ်။

ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။

(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူလက်လျော့နောက် ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကိုအရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။

ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစ်တယ်။

(၅)အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာ မရှိဘဲမျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။

ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။

(၆)အောင်မြင်သူက တစ်ပါးသူရဲ့ရှုထောင့်ကနေ ကိစ္စရပ်ကိုကြည့်တယ်။ တစ်ပါးသူရဲ့ခံစားချက်ကို နားလည်အောင်လုပ်တယ်။

ကျရှုံးသူက ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပူပန်တတ်သူဖြစ်တယ်။

(၇) အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို ဒုတိ ယနေရာထားသူဖြစ်တယ်။

ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို
နောက်ချန်ထားသူဖြစ်တယ်။

(၈)အောင်မြင်သူ အောင်မြင်ရခြင်းက ကိုယ်အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။

ကျရှုံးသူ ရှုံးနိမ့်ရခြင်းက ကိုယ်အောင်မြင်မယ်လို့ မယုံကြည်ရဲသူဖြစ်တယ်။

(၉)အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါကိုယ့်ကိုသင်ယူ စရာ၊ လုပ်စရာတွေနဲ့ သိမ်းကျုံးလုပ်နေတတ်တယ်။

ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ သက်ပြင်းအခါခါချပြီး
အဲဒီခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။

(၁ဝ) အောင်မြင်သူက လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်သူဖြစ်တယ်။

ကျရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတောင် အချိန်ဆွဲပြီး လုပ်တတ်သူဖြစ်တယ်။

(၁၁)အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအား ကျပြီးသူတို့ရဲ့ကောင်းကွက်ကို ကြိုးစားသင်ယူလေ့ရှိတယ်။

ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြတ်သူ ကို မနာလိုမုန်းတီးပြီး
သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေတတ်တယ်။

(၁၂)အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေ ကပြင်ပလောက,က လာတာဖြစ်တယ်။

ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကသူတို့ အတွင်းစိတ်ထဲက လာတာဖြစ်တယ်။

(၁၃) အောင်မြင်သူက အမြင့်ကိုတက်လှမ်းနိုင်ဖို့ အာသီသပြင်းထန်တယ်။

ကျရှုံးသူက ကြံ့ကြံ့ခံနိုင်ဖို့ အာသီသမရှိဘူး။

(၁၄) အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီး က မျှော်လင့်ချက်ဖြစ် တယ်။

ကျရှုံးသူအတွက် အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။

(၁၅) အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။

ကျရှုံးသူက အခွင့်အရေးကို စောင့်တယ်။

(၁၆) အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။

ကျရှုံးသူက ယုံကြည်မှုဆိုတာ မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။

(၁၇)အောင်မြင်သူက ရှည်လျားတဲ့လမ်းတွေကို တစ်လမ်းချင်းနဲ့ အဆုံးထိ
လျှောက်နိုင်မယ်ဆိုတာကို ယုံကြည်ထားသူဖြစ်တယ်။

ကျရှုံးသူက တိုတောင်းတဲ့လမ်းဖြစ်လည်း ရှေ့ခြေတစ်လှမ်းမတိုးရင်
အဆုံးထိလျှောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မသိသူဖြစ်တယ်။

(၁၈) အောင်မြင်သူက အလုပ်မလုပ်ခင် အရင်တွေးတောကြံစည်တယ်။

ကျရှုံးသူက အလုပ်မလုပ်ခင် တွေဝေပြီး အလုပ်ပြီးချိန် နောင်တရတတ် သူဖြစ်တယ်။

(၁၉) အောင်မြင်သူက ခရီးလမ်းမှာ တစ်ခါတရံရပ်နားပြီး အနားယူလေ့ ရှိတယ်။

ကျရှုံးသူက မကြာခဏရပ်နားပြီး တောင်တောင်မြောက်မြောက် ငေးတတ် သူဖြစ်တယ်။

(၂ဝ) အောင်မြင်သူက နေရာတစ်ခုတည်းမှာ နှစ်ကြိမ်လဲမကျဘူး။

ကျရှုံးသူက တစ်နေရာမှာ လဲကျပြီးနောက် ပြန်မထတော့ဘူး။

(၂၁) အောင်မြင်သူက လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တတ်သည်

ကျရှုံးသူက လျှောက်ခဲ့တဲ့လမ်းကို ပြန်လျှောက်တတ်လေသည်

သင့် ကွန်ပျူ တာကို လျှင်မြန်စေမယ့် နည်းလမ်း (၁၁) ခု

ကွန်ပျူတာတွေဟာ အသုံးပြုတာ ကြာလာတာနဲ့ အမျှ လေးလံလာတဲ့ နာမည်ဆိုးရှိပါတယ်။ ဒါပေမယ့် ကွန်ပျူ တာကို ပြန်လည် လျှင်မြန်စေမယ့် နည်းလမ်းများရှိပါတယ်။

Settingsပြောင်းလဲမှု အနည်းငယ်ကနေ RAMထပ်စိုက်နိုင်တဲ့ နည်းလမ်းများအထိ လူတိုင်းပြုလုပ်နိုင်တဲ့ နည်လမ်းများ ဖြစ်ပါတယ်။

ကွန်ပျူ တာလေးလံလာလို့ အသစ် မဝယ်ခင်မှာ ဒီနည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ်။

ရှင်းလင်းရေး Program များကို မကြာခဏ အသုံးပြုပါ။

CCleaner ဟာ Applicationsများစွာရဲ့ Temporary Filesများနဲ့ Cachesများကို ရှာဖွေ ရှင်းလင်းပေးနိုင်တဲ့ အလွန်ကောင်းတဲ့ Appဖြစ်ပါတယ်။ CCleanerကို   https://www.piriform.com/ccleaner/download?pc  မှာအခမဲ့ ရယူနိုင်ပါတယ်။

မလိုအပ်တဲ့ Visual Effectsများနဲ့ Animationsများကို ဖယ်ရှားပါ။

ဟုတ်ပါတယ်။ Visual Effectများနဲ့ Animationများဟာ သင့်ကွန်ပျူတာကို မျက်စိပသာဒ ဖြစ်စေပေမယ့် လေးလံစေပါတယ်။

Windows 7မှာ စွမ်းအင် အရင်းအမြစ်များစွာကို စားသုံးနေတဲ့ Aero Themeကို Disableလုပ်သင့်ပါတယ်။ Desktopပေါ်မှာ Right Clickနှိပ်ပြီး Personalizeကို နှိပ်ပါ။ Windows Color ကို နှိပ်ပြီး Enable Transparency မှာ အမှန်ခြစ်ဖြုတ်ပေးပါ။

Antivirus Softwareကို Updateပြုလုပ်ပြီး အသုံးပြုပါ။

Virusesများနဲ့ Malwareများဟာ သင့်ကွန်ပျူ တာကို အချိန်တိုအတွင်းမှာ လေးလံစေပါတယ်။ အဲဒီအတွက် ဒါကို တားဆီးဖို့ကို ဦးစားပေးအနေနဲ့ ပြုလုပ်တာ အကောင်းဆုံးပါ။ သင်ဟာ Virusတွေလို စိတ်ရှုပ်စရာကောင်းတဲ့ Notificationများကို အဆက်မပြတ်ပြသနေတဲ့ အခမဲ့ Antivirusများကို အသုံးပြုနေတယ်ဆိုရင် Uninstallလုပ်ပြီး ကြော်ညာများ ထည့်သွင်းထားခြင်းမရှိတဲ့ Microsoft Security Essentials Antivirus Softwareကို ပြောင်းသုံးသင့်ပါတယ်။ Windows 8ကနေ စပြီး Microsoft Security Essentilsဟာ နဂိုပါရှိလာပါတယ်။ သူ့အရင် Windows OSများမှာတော့ MSEကို သုံးချင်ရင်   http://windows.microsoft.com/en-us/windows/security-essentials-download ကနေ ရယူပါ။
နေ့စဉ် Quick Scanလုပ်ဖို့နဲ့ အပတ်စဉ် Full Scanလုပ်ဖို့ Scheduleလုပ်ထားရင် အလုပ်ရှုပ်သက်သာစေမှာပါ။

အလုပ်များစွာ တစ်ပြိုင်နက် လုပ်နိုင်ဖို့ RAMများ ထပ်ဖြည့်ပါ။
RAM or Random Access Memoryဟာ ဈေးသက်သာပြီး လေးလံနေတဲ့ သင့်ကွန်ပျူတာကို အသစ်အတိုင်း ပြန်လည် ဖြစ်စေနိုင်ပါတယ်။

သင့်ကွန်ပျူတာဟာ ဘယ်လို RAM အမျိုးအစားလိုအပ်သလဲဆိုတာ သိနိုင်ဖို့ Neweggမှ Memory Finder ဆိုတဲ့ Toolကို သုံးနိုင်ပါတယ်။ ပြီးရင်တော့ သင်ကိုယ်တိုင် ကွန်ပျူတာမှာ RAMကို တပ်ဆင်နိုင်သလို ကွန်ပျူတာ ကျွမ်းကျင်သူကို Motherboardမှာ တပ်ဆင်ခိုင်းနိုင်ပါတယ်။ ဒါဟာ အလွန်လွယ်ကူပြီး ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ DIY or Do It Your Self နည်းလမ်းပါ။

Solid State Drive(SSD)ကို ပြောင်းလဲအသုံးပြုပါ။
သင့်ကွန်ပျူတာကို လျှင်မြန်စေဖို့ လွယ်ကူတဲ့ နည်းလမ်းက Hard Driveကို အဆင့်မြှင့်တာ ဖြစ်ပါတယ်။ သမားရိုးကျ Hard Drive(HDD)နဲ့ အသစ်ဖြစ်တဲ့ Solid State Drive (SSD)ဆိုပြီး နှစ်မျိုးရှိပါတယ်။ သမားရိုးကျ Hard Driveများဟာ ဈေးသက်သာပြီး လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေပါရှိပါတယ်။ SSDတွေမှာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါဘဲ Flash Memoryကို အခြေပြုထားပါတယ်။ သူတို့ဟာ အခုအချိန်မှာတော့ ပိုမို ဈေးသက်သာလာပါပြီ။ SSDကို သုံးရင် ကွန်ပျူတာဖွင့်ရင် လျှင်မြန်စေသလို Programသုံးရာမှာလည်း လျှင်မြန်စေမှာပါ။

ကွန်ပျူတာ စဖွင့်ချိန်မှာ Run တဲ့ Appsများကို လျှော့ချပါ။

ကွန်ပျူ တာ စဖွင့်ချိန်မှာ အချိန်အတော်ကြာ စောင့်နေရတာက စိတ်ညစ်စရာပါ။ အဲဒီအတွက် ကွန်ပျူတာ စဖွင့်ချိန်မှာ အလိုအလျှောက် Runတဲ့ Appsများကို လျှော့ချသင့်ပါတယ်။

အဲဒီ Appsများကို တွေ့နိုင်ဖို့ Start Menuကို နှိပ်ပြီး Msconfigကို ရှာပြီး ဖွင့်ပါ။ Startup Tabမှာ ကွန်ပျူတာ စဖွင့်ချိန်မှာ မလိုအပ်တဲ့ Appsများကို Uncheckလုပ်နိုင်ပါတယ်။
မှတ်ချက်။ လိုအပ်တဲ့ Programလားဆိုတာ Googleကနေ အရင် မလေ့လာဘဲ Deleteပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

စွမ်းအင် အရင်းအမြစ်များကို အလွန်အကျွံစားသုံးတဲ့ Processများကို ရှာဖွေပါ။
သင့်ကွန်ပျူ တာမှာ Processများစွာ တစ်ပြိုင်နက်တည်းမှာ လည်ပတ်နေပါတယ်။ အဲဒီ Processများထဲမှာ မလိုအပ်ဘဲ ကွန်ပျူတာကို လေးလံစေတဲ့ Processများလည်း ပါရှိပါတယ်။

Windowsမှာ Taskbarကို Right Clickနှိပ်ပြီး Start Task Managerကို နှိပ်ပါ။ RAM သို့မဟုတ် Processing Power ကို လွန်စွာ စားသုံးနေတဲ့ သင်မကြားဖူးတဲ့ Processများကို တွေ့ရင် Google မှာလေ့လာပါ။ မတွေ့ရင်တော့ မလိုအပ်တဲ့ Processဖြစ်နိုင်ပြီး End Processကို နှိပ်ပြီး ရပ်တန့်ပစ်နိုင်ပါတယ်။

Viruses or Malware တိုက်ခိုက်ခံရရင် ဝင်းဒိုးကို Fresh Installပြုလုပ်ပါ။

Virusesများကို အဆင့်အတန်းရှိတဲ့ Antivirusများနဲ့ သတ်ပစ်နိုင်ပေမယ့် တစ်ခါတစ်လေမှာတော့ ဝင်းဒိုးကို Fresh Installလုပ်ဖို့ လိုပါတယ်။

သင့် Windows Operating Systemကို Fresh Reinstallပြုလုပ်ခြင်းဟာ Virusကို လုံးဝသတ်ပစ်နိုင်တဲ့ အာမခံချက်ရှိပါတယ်။ ပြန်လည် အင်စတော မလုပ်ခင်မှာ အရေးကြီး ဖိုင်များကို သိမ်းဆည်းထားဖို့လိုပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Windows Installation Disk ဒါမှမဟုတ် USB Stickကို သင့်ကွန်ပျူတာမှာ ထည့်သွင်းတပ်ဆင်ပါ။ ပြီးရင် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်ပါ။ မျက်နှာပြင်မှာ ပြသတဲ့ လမ်းညွှန်မှုများအတိုင်း ပြုလုပ်ပါ။

အင်တာနက် ဘရောက်စာ လေးလံနေရင် Cacheများကို ရှင်းလင်းပါ။
သင့်ကွန်ပျူတာမှာ အင်တာနက် ကြည့်တဲ့ အခါမှာ လေးလံနေရင်တော့ ပြဿ     နာ ဟာ သင့်ကွန်ပျူတာ မဟုတ်ဘဲ ဘရောက်စာ ဖြစ်နိုင်ပါတယ်။ ဘရောက်စာ တစ်ခုချင်းစီအတွက် နည်းလမ်းတွေက မတူညီကြပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် ဘရောက်စာရဲ့ Settingsထဲသွားပြီး Historyကနေ Cacheများကို ရှင်းလင်းပါ။

သင့်ကွန်ပျူတာရဲ့ Search Indexကို Refresh ပြုလုပ်ပါ။
ဒီနည်းလမ်းက Hard Diskတစ်ခုလုံးကို Indexပြုလုပ်ခြင်းဖြင့် သင့်ကွန်ပြုတာမှာ ရှာဖွေတဲ့အခါမှာ အလွန်လျှင်မြန်စေမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ Hard Diskများမှာ Indexပြုလုပ်ရင် အချိန်အတော်ကြာမြင့်ပေမယ့် ထိုက်တန်တဲ့ ရလဒ်ကို ရစေမှာပါ။

Windowsမှာ နဂိုပါတဲ့ Disk Defragmenter Appကို သုံးနိုင်ပါတယ်။ တစ်ပတ်တစ်ခါ Defragmentation ပြုလုပ်ဖို့ Scheduleပြုလုပ်သင့်ပါတယ်။

သင့်ကွန်ပျူ တာကို Restart မကြာခဏလုပ်ပါ။

သင့်ကွန်ပျူ တာကို ဖွင့်ထားစဉ်မှာ Programsများဟာ အချိန်ကြာလာတာနဲ့ အမျှ Memoryကို ပိုမိုစားသုံးလာပါတယ်။ သင့်ကွန်ပျူ တာကို မကြာခဏပိတ်ပြီး ပြန်ဖွင့်ခြင်းဖြင့် နောက်ကွယ်မှာ Runနေတဲ့ Program or Appsများကြောင့် Memoryကုန်ဆုံးမှုများကို ကာကွယ်နိုင်မှာပါ။ အရေးကြီးတဲ့ Updateများကို မကြာခဏ အင်စတော လုပ်ပေးပါ

Facebook မှာ ဖွက်ထားတဲ့ Log-in Mail တွေကို ဘယ်လို ကြည့်မလဲ ??

Facebook မှာ ကိုယ့် သူငယ်ချင်းတွေရဲ့ Profile ကို ၀င်ကြည့်ဖူးကြတယ်ဟုတ် ?

About ဆိုတဲ့ နေရာမှာ တချို့က ကိုယ့်ရဲ့ G-mail ကို ပြထားတယ်...တချို့က ဖွက်ထားတယ်..

ဖွက်ထားတဲ့ G-mail သိရင်တော့ အဲ့ဒီ့ Account ကို Attack လုပ်ပေါ့

ပထမဆုံး ကိုယ့်ရဲ့ Facebook Account ကို Log-in ၀င်ထားရပါလိမ့်မယ်..
ပြီးရင်.. www.outlook.com ကိုသွားပါ။။...အကောင့်သစ် တစ်ခုဖွင့်ပါ...
Alternate Email နေရာမှာ. ကိုယ့် Facebook Account ရဲ့ Log-in Mail ကို ထည့်ပါ..

အကောင့်ဖွင့် ပြီးသွားရင် ပုံ ၁ က အတိုင်း ပေါ်လာပါလိမ့်မယ်... မြှားပြထားတဲ့ အတိုင်း ဘယ်ဘက်ထောင့် က Outlook ဆိုတဲ့ ဘေးနားက မြှားကိုနှိပ်ပါ..
Tab လေးခု ပေါ်လာရင် .People ဆိုတဲ့ အနီကွက်လေးကို နှိပ်ပါ.. လောလောဆယ်တော့ Facebook နဲ့ မချိတ်ရသေးတဲ့ အတွက် No Contact လို့ ဘယ်ဘက်မှာ ပြပါလိမ့်မယ်..

မြှားပြထားတဲ့ အတိုင်း.. Facebook Friends ဆိုတာကို နှိပ်လိုက်ပါ... Window တစ်ခု ထပ်ပွင့်သွားပြီး Permissoon တောင်းရင် Connect ကို နိပ်လိုက်ပါ... Facebook ထဲက Profile တွေ ပေါ်လာပါလိမ့်မယ်..
ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Import email addresses from Facebook ကို နှိပ်ပါ.
.ပေါ်လာတဲ့ Box ထဲမှာ Facebook Logo ကို Click တစ်ချက်ကျွေးလိုက်ပါ..Box တစ်ခု ထပ်ကျလာရင် Okay နှိပ်ပေးပါ..
ပြီးရင် ခဏလောက်စောင့်ပေးပါ.. Sync လုပ်နေတဲ့ အတွက် ခဏစောင့်ပါ.. Refresh လုပ်ပေးပါ.. ပြီးရင်တော့ ဘေးနားက Friend တစ်ယောက်ရဲ့ ပုံကို ထောက်ကြည့်ပါ..
သူ့ရဲ့ Profile ပေါ်လာပါလိမ့်မယ်.. အဲ့ထဲမှာ Log-in mail ဆိုတဲ့ ဟာလည်း ပါတာပေါ့

Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်းကို အစစ်လားအတုလားစစ်ဆေးနည်း

အခုနောက်ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့နာမည် ကြီး Brand တွေကိုပုံစံတူခိုးပြီးရောင်းတာတွေ များလာပါတယ်။

အဲ့အတွက်ပုံမှန်ဆိုင်​တွေက​တော့အတု(clone )ဟုပြော ရောင်းသလို​ရောချတဲ့ဆိုင်တွေလဲရှိပါတယ်။အဲ့အတွက် စစ်ဆေးနည်းကိုဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။ မိမိသိပြီဆိုရင် မိမိတို့ရဲ့ သယ်ချင်းတွေပါတွေ့မြင် သိရှိရအောင်ကူညီမျှဝေပေးခဲ့ပါနော်။

အရင်တုန်းကပုံစံတူတွေထုတ်ပေမယ့် Java ဖြစ်တဲ့အတွက် ခွဲခြားရလွယ်သလိုပုံစံမှာလဲကွာခြားမှုရှိပါတယ်။ခုနောက်ပိုင်း တွင် Clone Android တွေထွက်လာတော့ Brand က လဲ Android ဆို တော့ အတွင်း ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။

အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့ မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ် ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့ ဖူးပါတယ် ။

ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..

၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း

ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။

၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း

Samsung တွင်သာ
*#1234#
*#0*#
*#1111#

၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )

*#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။

15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး

Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ

အောက်က လင့် တွင် ကွန်ပြူတာနှင့် ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။

စစ်ဆေးပုံက Enter IMEI number below အောက် က အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို နှိပ် လိုက်ပါ ။ ဒါဆိုရင် အောက်ပါ ပုံလေးအတိုင်း တွေ့မြင်နိုင်ပါပြီ။ အဆင်ပြေ ကြပါစေ...

IMEI check by MH For Android ဆော့ဝဲဒေါင်းယူရန်

PC အတွက်​​ဒေါင်းရန်